Services
DOMAIN & HOSTING
domain ဆိုတာက သင့် website နာမည် ဖြစ်ပါတယ်၊ ဥပမာ – zawzaw[dot]com (.net/.org) စသည်ပါ၊ hosting ဆိုတာကတော့ သင့် domain နဲ့ သင့် website data တွေကို သိမ်းဆည်းပေးထားမယ့် နေရာဖြစ်ပါတယ်၊ domain သက်သက် ဝယ်ယူရုံနဲ့ သင့်အတွက် website တစ်ခု ရရှိမှာပါ၊ hosting ပါ ဝယ်ယူချင်လျှင်လည်း ကျွန်တော်တို့က ဝန်ဆောင်မှု ပေးမှာပါ။
WEB MAIL
web mail ဆိုတာကတော့ သင့်ကိုယ်ပိုင် website နာမည်နဲ့ email လိပ်စာပါ၊ ဥပမာ – owner[at]zawzaw.com ဆိုတာမျိုးပါ၊ website က သင့်အလုပ် သင့်လိုအပ်ချက် စသည်ကို ကမ္ဘာအရပ်ရပ်ကို အချိန်မရွေး၊ နေရာမရွေး ကြော်ငြာပေးတဲ့အလုပ်ကို လုပ်တယ်ဆိုရင် သင့် email က သင့်ကို တခြားလူတွေက အချိန်မရွေး နေရာမရွေး ဆက်သွယ်နိုင်မယ့် သင့်ကိုယ်ပိုင် စာတိုက်ပါ။
SEO
Search Engine Optimization လို့ ခေါ်ပါတယ်၊ Google, Yahoo, Bing စတဲ့ လူသုံးအများဆုံး search engine တွေမှာ သင့်လုပ်ငန်းနဲ့ အမျိုးအစား တူညီသော အကြောင်းအရာများကို ရှာဖွေတဲ့ အခါမှာ သင့် website တွင် ဖော်ပြထားသည်များကို ဦးစားပေး ဖော်ပြအောင် စီမံခြင်း ဖြစ်ပါတယ်၊ သင့်အနေနဲ့ ဒီကိစ္စကိုလည်း သီးခြားစဉ်းစားနေစရာ မလိုအပ်ပါဘူး။