Loading…

About Us

Web design web development
လူကြီးမင်းတို့အတွက် တစ်ကိုယ်ရေ ဝက်ဘ်ဆိုက်များ၊ သတင်းမီဒီယာဝက်ဘ်ဆိုက်များ၊ ဌာနဆိုင်ရာ ဝက်ဘ်ဆိုက်များ၊ကုမ္ပဏီဝက်ဘ်ဆိုက်များ၊ E-Commerce ဝက်ဘ်ဆိုက်များ အပါအဝင် ဝက်ဘ်ဆိုက်အမျိုးမျိုးတို့ကို ကျွန်တော်တို့ရဲ့ အတွေ့အကြုံရင့်ကျက် ကျွမ်းကျင်သော Web developer, Web designer များဖြင့် Responsive website များကို အထူးဈေးနှုန်း ချိုသာစွာ ရေးဆွဲ ဆောင်ရွက်ပေးနေပါတယ်။

ဘာလို့ ဝက်ဘ်ဆိုက်တစ်ခု ရှိသင့်တာလဲ
ဒီကနေ့ နိုင်ငံတကာမှာ လူနှစ်ယောက် အဖွဲ့အစည်းတစ်ခုတည်ထောင်ရင် ဝက်ဘ်ဆိုက်တစ်ခု ထားရှိကြပါတယ်၊ လူတစ်ယောက်တည်းပင်သော်မှ အလုပ်တစ်ခုခု သေသေချာချာ လုပ်လိုသူတိုင်း ဝက်ဘ်ဆိုက်တစ်ခုတော့ မဖြစ်မနေတည်ထောင်ကြပါတယ်၊ ဘာကြောင့်လဲ၊ ကမ္ဘာ့ရွာကြီးထဲ ကိုယ့်ရဲ့လုပ်ငန်းကိုင်ငန်းတွေကို တခြားသူတွေကို ပိုမိုသိရှိ နားလည်လာစေဖို့၊ ထိုမှ ကိုယ့်လုပ်ငန်း သို့မဟုတ် ကိုယ့်အဖွဲ့အစည်း လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်စေဖို့၊ ကိုယ့်ရဲ့တကယ်တန်ဖိုးရှိတဲ့ဒေတာတွေကို ကိုယ်ပိုင်နေရာမှာ စနစ်တကျ သိမ်းဆည်းထားနိုင်ဖို့ စတာတွေကြောင့်ပေါ့။ ဒီတော့ တိုးတက်လိုသော အဖွဲ့အစည်းတိုင်း ဝက်ဘ်ဆိုက်တစ်ခု တည်ထောင်ထားကြတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ fb page တွေ အလွယ်တကူ လုပ်လို့ရနေတာပဲ၊ ဝက်ဘ်ဆိုက်က ဘာများပိုကောင်းလဲဆိုတော့၊ သိတဲ့အတိုင်းပေါ့ fb page ဆိုတာ ပို့စ်တွေများလာတာနဲ့အမျှ တင်လိုက်သမျှ ပို့စ်တွေဟာ အောက်ကို ရောက်ရောက်သွားပြီး ပျောက်ပျောက်သွားတတ်တာမျိုး၊ ပြီးတော့ ဒီဇိုင်းပိုင်းလည်း ပြောင်းလဲခွင့် သိပ်မရှိပါဘူး၊ fb ဆိုတာ တကယ်တော့ သူများပိုင်တဲ့ ဝက်ဘ်ဆိုက်တစ်ခုပဲလေ၊ သူများ ဝက်ဘ်ဆိုက်မှာဆိုတော့ သူများ ခွင့်ပေးသလောက်ပဲ လုပ်ပိုင်ခွင့်ရှိတာပေါ့၊ ခြားနားချက်တွေတော့ အများကြီးပါပဲလေ၊ ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာဆိုရင် ကိုယ်တင်သမျှအကြောင်းအရာကို category တွေခွဲပြီး စနစ်တကျ သိမ်းဆည်း တင်ပြထားတာမို့ ကိုယ့်အဖွဲ့အစည်းအကြောင်း ကိုယ့်လုင်ငန်းအကြောင်းကို လာကြည့်တဲ့ လေ့လာတဲ့သူတွေအနေနဲ့ စိတ်ကျေနပ်မှု ယုံကြည်မှု အပြည့်အဝပေးနိုင်သလို၊ ဆိုက်ရဲ့ ဒီဇိုင်းပိုင်းကိုလည်း ကိုယ့်စိတ်ကြိုက် အချိန်မရွေး ပြင်ဆင်ခွင့်ရှိတယ်လေ၊ နောက်ပြီး ကိုယ်တင်ထားတဲ့ စာသား ပုံ ဗွီဒီယို စတဲ့ အချက်အလက်တွေ အားလုံးကို ကိုယ့်စိတ်ကြိုက် ချယ်လှယ်နိုင်တယ်လေ၊ ကိုယ်က ခွင့်မပြုရင် ဘယ်သူမှ ယူသုံးခွင့်မရှိဘူးပေါ့။

ကုမ္ပဏီတွေ အများကြီးရှိပါလျှက် ကျွန်တော်တို့ကို ဘာကြောင့် ရွေးချယ်သင့်သလဲဆိုတာကိုတော့ ကျေးဇူးပြုပြီး ဒီမှာ ဖတ်ကြည့်ပေးပါ၊ ဝက်ဘ်ဆိုက်တည်ထောင်ဖို့ ဆုံးဖြတ်ပြီး ကျွန်တော်တို့ဆီ ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့ domain ဝယ်ယူခြင်း hosting ရွေးချယ်ခြင်းက စပြီး online server ပေါ် လွင့်တင်ပြီးသည်အထိ အစအဆုံးတာဝန်ယူ ဆောင်ရွက်ပေးမှာပါ။

ကျွန်တော်တို့ ဘယ်လို အလုပ်လုပ်သလဲ
ကျွန်တော်တို့ဆီ ဆက်သွယ်လာလျင် အနည်းငယ် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်ပါက ချိန်းဆိုမှုတစ်ခုယူပြီး လာရောက်တွေ့ဆုံပါမယ်။ လုင်ငန်းသဘော သို့မဟုတ် အဖွဲ့အစည်းသဘောကို အကြမ်းဖျင်းလေ့လာပါမယ်၊ ဝက်ဘ်ဆိုက်အတွက် အသုံးပြုလိုသော လိုဂို (ရှိရင်)နဲ့ ပုံများ စာသားများကို တောင်းယူပါမယ်။ ယုံကြည်မှုအတွက် လိုအပ်လျှင် စာချုပ်ချုပ်ဆိုပေးပါမယ်။ ဝက်ဘ်ဆိုက် အပ်နှံကြောင်း အတည်ပြုပြီးပါက ခန့်မှန်းကုန်ကျ၍ငွေ ၅၀% ကို ကောက်ယူပါမယ်၊ ဝက်ဘ်ဆိုက်ပြန်လည် ပေးအပ်ပြီးမှသာ ကျန် ၅၀% ကို ပေးချေရမှာ ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက် ဈေးနှုန်းများ
တစ်ကိုယ်ရေ ဝက်ဘ်ဆိုက်များ ၁၀၀၀၀၀ (hosting အပါအဝင်)
ပရဟိတအဖွဲ့အစည်း ဝက်ဘ်ဆိုက်များ ၁၅၀၀၀၀ (hosting အပါအဝင်)
တခြားအဖွဲ့အစည်း ဝက်ဘ်ဆိုက်များ ၂၀၀၀၀၀ (hosting အပါအဝင်)
E-Commerce ဝက်ဘ်ဆိုက်များ ၃၀၀၀၀၀ မှ စ၍ တာဝန်ယူမှု တာဝန်ခံမှုအလိုက် ဈေးအမျိုးမျိုး ရှိနိုင်ပါတယ်။
ကုမ္ပဏီ ဝက်ဘ်ဆိုက်များ ၃၀၀၀၀၀ (hosting အပါအဝင်)

*ဈေးနှုန်းများမှာ ခန့်မှန်းသဘောမျှသာ ဖြစ်ပါတယ်၊ နည်းပညာပိုင်းအရ လုပ်ဆောင်ရမည့် အချက်များပေါ်မူတည်၍ အနည်းအများ အပြောင်းအလဲ ရှိနိုင်ပါတယ်။ ကျွန်တော်တို့ web package တိုင်းသည် unlimited ဖြစ်ပြီး၊ ကိုယ်တိုင်ပြင် CMS စနစ် ပါဝင်ပါတယ်။

ကျေးဇူးတင်လျှက်။

Our Team

Thant Zin Myo

Founder

Lwin Maung Maung

General Manager

Song Nay Outdo

Sales & Marketing Manager