Loading…

FAQ

Why choose us?

၁. ဝက်ဘ်ဆိုက်ရေးတဲ့ ကုမ္ပဏီတွေ အများကြီး ရှိတာပဲ၊ ဘာလို့ ခင်ဗျားတို့ကို ရွေးရမလဲ။

ဟုတ်ကဲ့၊ ရှိတာမှန်ပေမယ့် ကျွန်တော်တို့က ပိုပြီးဈေးသက်သာပါတယ်၊ ပိုပြီးမြန်ဆန်တယ်၊ ပြီးတော့ လိုအပ်သလို အမြဲတမ်း maintain လုပ်ပေးနေမှာပါ။

၂. ဈေးချိုရင် အရည်အသွေးပိုင်းမှာ အားနည်းချက် မရှိနိုင်ဘူးလား။

ဟုတ်ကဲ့၊ ဘယ်အပိုင်းမှာမဆို အနည်းနဲ့အများတော့ ရှိနိုင်ပါတယ်၊ သို့ပေမယ့် တကယ်လိုအပ်တဲ့ အပိုင်းတွေကို အကောင်းဆုံးဖြစ်အောင် ဆွေးနွေးပြီး တည်ဆောက်ပေးသွားမှာပါ၊ ဥပမာ – SEO လိုဟာမျိုးပေါ့။

၃. တခြားကုမ္ပဏီတွေလိုပဲ ခင်ဗျားတို့လည်း စီးပွားဖြစ် လုပ်ကြတာမျိုးလား။

စီးပွားဖြစ်သက်သက်တော့ မဟုတ်ပါဘူး၊ နည်းပညာနဲ့ ပတ်သက်ပြီး လိုအပ်နေတဲ့ ကွက်လပ်တစ်ခု ဖြည့်ဆည်းပေးချင်တာရယ်၊ နောက် ကျွန်တော်တို့ကိုယ်တိုင် Startup တစ်ခုအနေနဲ့ စလုပ်ချင်လာတာရယ် ကြောင့်ပါ။

၄. ခင်ဗျားတို့က ဝက်ဘ်ဆိုက်ကို မဖြစ်စလောက် ဈေးလေးနဲ့ လုပ်ပေးမယ်ဆိုတော့ ဈေးကွက် ဖျက်သလို ဖြစ်မနေဘူးလား။

ကျွန်တော်တို့ကတော့ ဈေးကွက်ဖျက်တယ်လို့ မထင်ပါဘူး၊ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ထုတ်လုပ်မှုတိုင်းဟာ သူ့ဈေးကွက်နဲ့ သူပဲလေဗျာ။

၅. ဒါဆို ခင်ဗျားတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်က ဘာများဖြစ်မလဲ။

ကျွန်တော်တို့အဖွဲ့ကိုက ပရဟိတအမည်မခံတဲ့ လူထုအကျိုးပြုသမားတွေ စုစည်းထားတာပါ၊ အဖွဲ့ဝင်အားလုံး အကျိုးပြုလုပ်ငန်း တစ်ခုမဟုတ် တစ်ခုမှာ ပါဝင် ပတ်သက်နေသူချည်းပါပဲ၊ ကျွန်တော်တို့ စေတနာက အဖွဲ့အစည်းတိုင်းကို ကိုယ့်ကိုယ်ပိုင် ဝက်ဘ်ဆိုက်လေးနဲ့ကိုယ် အဆင့်မီမီလေး ဖြစ်စေဖို့ပါ၊ အထူးသဖြင့် နည်းပညာပိုင်းအားနည်းပြီး အသုံးချရကောင်းမှန်း မသိသေးတဲ့ နယ်ဘက်က လုပ်ငန်းရှင်တွေ၊ တခြားအသင်းအဖွဲ့တွေကို အသိပညာလည်း ဝေမျှရင်း ဈေးနှုန်းချိုချိုသာသာနဲ့ တည်ဆောက်လို့ရတယ်ဆိုတာ သိစေချင်တာပါ။